NISA Hsaung Thazin Preschool’s KG class students had a delightful and educational trip to the Nay Pyi Taw Zoological Garden on July 26th. 🦒🐘

NISA ဆောင်းသဇင်မူကြိုကျောင်း KG အတန်းမှ သားသား၊ မီးမီးတို့သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လည်ပတ်ကာ ပျော်ရွှင်စရာ လေ့လာရေးခရီးတစ်ခု ပြုလုပ်ခဲ့ကြပါတယ်ရှင်။ ??
တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိချိန်တွင် သားသား၊ မီးမီးတို့သည် သဘာဝပတ်ဝန်းကျင်နှင့် တိရစ္ဆာန်များအကြောင်းကို လက်တွေ့လေ့လာခွင့်ရရှိခဲ့ကြပြီး တိရစ္ဆာန်မျိုးစုံကို စိတ်လှုပ်ရှားစွာ ကြည့်ရှုခဲ့ကြပြီး၊တိရစ္ဆာန်ရုံမှ ဝန်ထမ်းများကလည်း တိရစ္ဆာန်တစ်မျိုးချင်းစီ၏ အလေ့အထများနှင့် နေထိုင်မှုပုံစံများကို ရှင်းပြပေးခဲ့ပါတယ်ရှင်။ ???
ဤလေ့လာရေးခရီးစဉ်သည် သားသား၊ မီးမီးတို့အတွက် ပညာရည်တိုးတက်စေရုံသာမက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်လာစေရန်နှင့် တိရစ္ဆာန်များအပေါ် မေတ္တာထားတတ်လာစေရန်လည်း အထောက်အကူပြုခဲ့ပါတယ်ရှင်။ ?❤️ NISA ဆောင်းသဇင်မူကြိုကျောင်းအနေဖြင့် သားသား၊ မီးမီးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ယခုကဲ့သို့သော ပညာပေးခရီးစဉ်များကို ဆက်လက်စီစဉ်ပေးသွားမည်ဖြစ်ပါတယ်ရှင်။ ??

NISA Hsaung Thazin Preschool’s KG class students had a delightful and educational trip to the Nay Pyi Taw Zoological Garden on July 26th. ??
Upon their arrival, the children had the wonderful opportunity to learn firsthand about nature and various animals. They were visibly excited to observe a wide array of animal species. Zoo staff were also on hand to explain the habits and lifestyles of each animal, making the experience truly enriching. ???
This educational journey not only enhanced the children’s knowledge but also helped them develop a love for nature and compassion for animals. ?❤️ NISA Hsaung Thazin Preschool is committed to continuing to arrange such educational trips to foster the all-round development of its students. ??