NISA Hsaung Thazin Preschool’s KG class students had a delightful and educational trip to the Nay Pyi Taw Zoological Garden on July 26th. 🦒🐘

NISA ဆောင်းသဇင်မူကြိုကျောင်း KG အတန်းမှ သားသား၊ မီးမီးတို့သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လည်ပတ်ကာ ပျော်ရွှင်စရာ လေ့လာရေးခရီးတစ်ခု ပြုလုပ်ခဲ့ကြပါတယ်ရှင်။ 🦒🐘
တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိချိန်တွင် သားသား၊ မီးမီးတို့သည် သဘာဝပတ်ဝန်းကျင်နှင့် တိရစ္ဆာန်များအကြောင်းကို လက်တွေ့လေ့လာခွင့်ရရှိခဲ့ကြပြီး တိရစ္ဆာန်မျိုးစုံကို စိတ်လှုပ်ရှားစွာ ကြည့်ရှုခဲ့ကြပြီး၊တိရစ္ဆာန်ရုံမှ ဝန်ထမ်းများကလည်း တိရစ္ဆာန်တစ်မျိုးချင်းစီ၏ အလေ့အထများနှင့် နေထိုင်မှုပုံစံများကို ရှင်းပြပေးခဲ့ပါတယ်ရှင်။ 🦁🐯🐼
ဤလေ့လာရေးခရီးစဉ်သည် သားသား၊ မီးမီးတို့အတွက် ပညာရည်တိုးတက်စေရုံသာမက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်လာစေရန်နှင့် တိရစ္ဆာန်များအပေါ် မေတ္တာထားတတ်လာစေရန်လည်း အထောက်အကူပြုခဲ့ပါတယ်ရှင်။ 🌱❤️ NISA ဆောင်းသဇင်မူကြိုကျောင်းအနေဖြင့် သားသား၊ မီးမီးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ယခုကဲ့သို့သော ပညာပေးခရီးစဉ်များကို ဆက်လက်စီစဉ်ပေးသွားမည်ဖြစ်ပါတယ်ရှင်။ 🏫🌟

NISA Hsaung Thazin Preschool’s KG class students had a delightful and educational trip to the Nay Pyi Taw Zoological Garden on July 26th. 🦒🐘
Upon their arrival, the children had the wonderful opportunity to learn firsthand about nature and various animals. They were visibly excited to observe a wide array of animal species. Zoo staff were also on hand to explain the habits and lifestyles of each animal, making the experience truly enriching. 🦁🐯🐼
This educational journey not only enhanced the children’s knowledge but also helped them develop a love for nature and compassion for animals. 🌱❤️ NISA Hsaung Thazin Preschool is committed to continuing to arrange such educational trips to foster the all-round development of its students. 🏫🌟